အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် “လူကုန်ကူမှုအန္တရာယ်ကင်းဝေးရေး” အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက်  ၁၀ နာရီက ပြသထားကြောင်းသိရသည်။
Oct 19,2022
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ ယဉ်ကျေးသိမ်မွေ့လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉:၀၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက် မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Oct 19,2022
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ် များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရာတွင် ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေး ဌာန၌ ထိုးနှံပေးလျက် ရှိသည်။
Oct 19,2022
စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိစေရေး တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၄/ ၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၁)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 19,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 19,2022
မကွေးတိုင်းဒေသကြီးသရက်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ကို ၂၀၂၂ခုနှစ် ဩဂုတ်လ(၁)ရက် နေ့မှ ၂၀၂၂၃ခုနှစ်၊ ဇန်နဝါရီလ(၃၁)ထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို
Oct 19,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်အထိ ဆောင်ရွက်ပေးမည် ဖြစ်ရာ ကျောင်းသား ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာ အထက်တန်းကျောင်း(ကံမ)၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။