အခြေခံပညာ အထက်တန်းကျောင်း (ကံမ)၌ ကျောင်းသား ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကံမ အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်အထိ ဆောင်ရွက်ပေးမည် ဖြစ်ရာ ကျောင်းသား ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာ အထက်တန်းကျောင်း(ကံမ)၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူ၊ မိဘနှစ်ပါး၏ နိုင်ငံသား စိစစ်ရေးကတ်ပြား မိတ္တူအမည်နှင့် မွေးသက္ကရာဇ်ကို ကျောင်းဝင်မှတ်ပုံတင် စာရင်းအတိုင်း မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးဌာနမှ သွေးအုပ်စု စစ်ဆေးခြင်းတို့အား ဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများအား အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်နေ့ အထိ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)