စစ်ကိုင်း အောက်တိုဘာ ၁၉
စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိစေရေး တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ်(၄/ ၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၁)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) က စစ်ကိုင်းမြို့ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက် ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနအား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းများကို စိတ်ဝင်စားစွာ တက်ရောက်ပေးကြတဲ့ ဒေသခံပြည်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းက ပို့ချပေးလိုက်တဲ့ ပညာရပ်တွေကို မိမိတို့ရဲ့ မိသားစုတစ်ပိုင်တစ်နိုင်လက်တွေ့ ဆောင်ရွက်သွားကြစေလိုကြောင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အောင်မြင်တဲ့လုပ်ငန်းရှင်များ ဖြစ်အောင်လည်း ကြိုးစား ဆောင်ရွက်သွာကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားကာ ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသား များကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူပေးခဲ့ပြီး သင်တန်းမှထွတ်ရှိသည့် ထုတ်ကုန်ပစ္စည်းများကိုလည်း တာဝန်ရှိသူတစ်ဦးက ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူပေးခဲ့သည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ်(၁) ပတ်ကြာပို့ချပေးခဲ့ကာ သင်တန်းသား/ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြ၍ သင်တန်းဆင်းပွဲတွင် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းဆင်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင်(ပြန်/ဆက်)