အမြို့မြို့အနယ်နယ်သတင်းများ

Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချလျက်ရှိသော မုန့်ဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က မြို့နယ် စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက လူငယ်နှင့်စာပေ အသိပညာပေး Talk Show ကျင်းပသည်။
Oct 19,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘော်လုံးပြိုင်ပွဲကို မုဒုံမြို့နယ် အားကစားပြိုင်ဝင်းအတွင်း၌ ကျင်းပသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက လူရွေးစိစစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွှဲ (၁)နာရီက အ-မ-က (၁၈၃) ကျောက်တလုံးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်‌ ပြန်/ဆက်ဦးစီးမှူးမှ ဟောပြောပွဲကို ပြုလုပ်ပြီး၊‌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ကြသည်။
Oct 19,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းသားစာပေစာအုပ်များဖြင့် အသိပညာပေးပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။
Oct 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဒေသနေပြည်သူများနှင့် ကျောင်းသား/သူလူငယ်လေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိ တ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၁၁) နာရီက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
Oct 19,2022
၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး  ပန်းတနော်မြို့နယ်တွင် မြေပြင်ရှိ လျာထားမဲရုံတည်နေရာများ ကောက်ယူစစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ရှိပြီး သေဆုံးသူစာရင်း ပြုစုတင်ပြနိုင်ရေး ရပ်/ ကျေး စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။