အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များသည် (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ ရွှေကြက်ဖမီးပွိုင့်အနီး အများပြည်သူသွားလာနေသောလမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Oct 18,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ အမက(၆)မူလတန်းကျောင်းတွင် အသက်(၉)နှစ်မှ(၁၀)နှစ် ကလေးသူငယ်များကို အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်စန္ဒာမိုး(LHV) ကြီးမှူး၍ သားအိမ်ခေါင်းကာကွယ်ဆေးကို ပထမအကြိမ် မ(၁၁)ဦး၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါကာကွယ်ဆေးကို အသက်(၅)နှစ်မှ(၉)နှစ်ထိ ကျား(၃၇)ဦး မ(၁၄)ဦး စုစုပေါင်း(၅၁)ဦးတို့အား ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့သည်။
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျှက်ရှိသော ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိ အောင်တော်မူ စေတီတော်မြတ်ကြီးအတွက် အမှတ်(၆) ရပ်ကွက်မှ ပြည်သူများ စုပေါင်းလှူဒါန်းထားသည့် အလှူငွေ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထကောင်းများရှိစေရေး၊ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ပြည်သူများစာပေကို လက်လှမ်းမီရရှိစေရေးရည်ရွယ်၍ ရပ်ကွက်နေပြည်သူများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်များငှားရမ်းပေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသပေးခြင်းများကို လစဉ်(၂)ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Oct 18,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်းများတွင် လိုအပ်ချက်ရှိသော ကျောင်းဆောင်တည် ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျောင်းဆောင်များအတွက် လိုအပ်သော ပရိဘောဂများကိုလည်း နှစ်အလိုက် ခွဲဝေခွင့်ပြုပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ အခြေခံပညာကျောင်းများသို့ စာရေးခုံနိမ့်ရှည်များ ဖြည့်ဆည်းပေးအပ်ခဲ့သည်။
Oct 18,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ ဦးဖြူ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။