Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ၂၀၂၂ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Oct 19,2022
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ဆက်လက်ဆောင်ရွက်ပေးနေ
Oct 19,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရုံးအနေဖြင့် အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကဒ်ပြား တစ်ကြိမ်တစ်ခါမှ မပြုလုပ်ရသေးသည့် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများနှင့် ပြည်သူများအား သတ်မှတ်ရက်အလိုက် မြို့ပေါ်ရပ်ကွက်များအား နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးနိုင်ရေး နယ်မြေအတွင်း ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ် အထက်ဖိုးညိုကျေးရွာ၌ မီးဘေးသင့်၍ သေဆုံးသူအတွက် ထောက်ပံ့ငွေ ပေးအပ်
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ငါးပြေမကျေးရွာအုပ်စု၊ အထက်ဖိုးညိုကျေးရွာတွင် အောက်တိုဘာ (၁၅)ရက် ညနေပိုင်း၌ ဆိုလာအပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားရာမှ မီးဘေးသင့်၍ သေဆုံးသူအတွက် ယနေ့နေ့လယ် (၁)နာရီတွင် ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သေဆုံးသူ၏ နေအိမ်သို့ အရောက်သွား၍ သေဆုံးသူအတွက် မိသားစုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေ ကျပ်(၃)သိန်း ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်
Oct 19,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ထနီးကျေးရွာအုပ်စု မထွေးချောင်းဓမ္မာရုံနှင့် စစ်ကိုင်းကျေးရွာအုပ်စု ပုညာနန္ဒကျောင်း ဓမ္မာရုံတို့၌ ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကွင်းဆင်းထုတ်ချေး
Oct 19,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် နဘဲကုန်း ကျေးရွာအုပ်စု၊ ရေဖြူတွင်းကျေးရွာရှိ မြစိမ်းရောင် စီမံကိန်း အသင်းသားများကို ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်နှင့် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Oct 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အသက်(၁၄)နှစ်နှင့် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ကျိုင်းတုံမြို့မအားကစားကွင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14128
Page
14129
Page
14130
Page
14131
Current page
14132
Page
14133
Page
14134
Page
14135
Page
14136
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department