ဘီးလင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရာတွင် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

ဘီးလင်း အောက်တိုဘာ ၁၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရာတွင် ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေး ဌာန၌ ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို သြဂုတ် ၈ ရက် နေ့မှ ၉ ရက်နေ့ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့်  ထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဘီးလင်းမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဇာနည် ဘီးလင်း (ပြန်/ဆက်)