မရမ်းကုန်း အောက်တိုဘာ ၁၉
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်၊ ယဉ်ကျေးသိမ်မွေ့လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉:၀၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါနယ်လှည့်ကွင်းဆင်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများကိုသာမက ပြင်ပရှိအသိပညာရရှိစေသော စာအုပ်များကို သိရှိဖတ်ရှုစေလိုကြောင်း၊ စာအုပ်စာစောင်များနှင့်ရင်နှီးကျွမ်းဝင်မှုရှိပြီး စာပေကိုစိတ်ဝင်စားမြတ်နိုး တန်ဖိုးထားတတ်ကြစေလိုကြောင်း၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေကိုအသုံးချတတ်လိုကြောင်းအစရှိသည့် စာပေအကြောင်းအရာများအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြသထားသောစာအုပ်၊ စာစောင်များအား ဖတ်ရှုငှားရမ်းခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်းများအား ကြည်ရှုခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)