လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “လူကုန်ကူမှုအန္တရာယ်ကင်းဝေးရေး” အသိပညာပေးနံရံကပ် စာစောင်ပြသ

လိပ်သို  အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် “လူကုန်ကူမှုအန္တရာယ်ကင်းဝေးရေး” အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက်  ၁၀ နာရီက ပြသထားကြောင်းသိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင်  လူကုန်ကူးမှုသည့် ယနေ့ကမ္ဘာအနှံ့အပြားတွင် ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိနေရကြောင်း၊ လူကုန်ကူးမှုသည် တိုးတက်လာသော နည်းပညာများအရ ကျူးလွန်ရန်လွယ်ကူခြင်း၊ လူကုန်ကူးမှု ပြဿနာသည် အလျင်အမြန် ကြီးထွားလျက်ရှိနေကြောင်း၊ အထူးသဖြင့် ကလေးသူငယ်များအပေါ် ပို၍ကျူးလွန်လာကြ ကြောင်း၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄) ရပ်၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ လူကုန်ကူးခံရနိုင်သူများ၊ကာတွန်များ ၊ ဆွဲဆောင်သောအကြောင်းအရာများ၊ လူကုန်ကူးခံ ရသူများရရှိနိုင်သော ဆိုးကျိုးများ စသည့် အသိပညာပေးနံရံကပ်စာစောင်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ လူငယ် လေးများ အသိပညာဗဟုသုတရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ပြသထားကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)