ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

သရက် အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီးသရက်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ကို ၂၀၂၂ခုနှစ် ဩဂုတ်လ(၁)ရက် နေ့မှ ၂၀၂၂၃ခုနှစ်၊ ဇန်နဝါရီလ(၃၁)ထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို အောက်တိုဘာ(၁၇)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီထိ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းစိန်ရတုခန်းမ၌ ကျောင်းသား/ကျောင်းသူ(၁၄၃)ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ပြုလုပ်ရန်ကျန်ရှိနေသည့် ကျောင်းသား/ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန မြို့နယဦးစီးမှူးနှင့် ဝန်ထမ်းများက ဆက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)