မုဒုံ အောက်တိုဘာ ၁၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘော်လုံးပြိုင်ပွဲကို မုဒုံမြို့နယ် အားကစားပြိုင်ဝင်းအတွင်း၌ ကျင်းပသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက လူရွေးစိစစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
တစ်မျိုးသားလုံး အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့် မျိုးဆက်သစ်လူငယ်အား
ကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် မော်လမြိုင်၊ ချောင်းဆုံး၊ ကျိုက်မရော၊ မုဒုံနှင့်သံဖြူဇရပ်မြို့နယ်တို့မှ အသင်းငါးသင်းက ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်ချိုချိုင်နိုင်ကပြောသည်။
အဆိုပါပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ငါးမြို့နယ်မှ အားကစားမှူး အုပ်ချုပ်နည်းပြများကို ပြိုင်ပွဲစည်မျဉ်းစည်းကမ်းများအား အသိပေးခြင်းနှင့်အားကစားသမားများ အသက်မှန်ကန်ကြောင်း စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြိုင် ပွဲတွင် ပထမဆု ၃၀၀၀၀၀ ကျပ် ၊ ဒုတိယဆု ၂၀၀၀၀၀ ကျပ်နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု တစ်ဆုကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)