သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းသားစာပေစာအုပ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

သဲကုန်း အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက တိုင်းရင်းသားစာပေစာအုပ်များဖြင့် အသိပညာပေးပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက  ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာဗဟုသုတများတိုးပွားပြီး စာပေနှင့်ရင်းနှီးမှုများရှိလာစေရေး၊ တိုင်းရင်းသားစာပေစာအုပ်စာစောင်များဖြင့် အသိဉာဏ်ပညာများပိုမိုဖွံ့ဖြိုးလာနိုင်ရေး၊ ပြည်သူ့စာကြည့်တိုက်သည် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်အပန်းဖြေရာနေရာနှင့် အသိပညာဗဟုသုတများပေးနေသည့် နေရာတစ်ခုဖြစ်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲအားကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်၍ အ.မ.ကပေါက်တော၊ အ.မ.ကတပ်ကျောင်း၊ အ.မ.က ကုန်းမြင့်သာကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက(ယူနီဆက်)မှ လှူဒါန်းထားသည့် တိုင်းရင်းသားစာပေစာအုပ်များနှင့် မိမိတို့ကြိုက်နှစ်သက်ရာ အသိပညာပေးပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

မြို့နယ်၊ ပြန်/ဆက်