ငပုတော အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချလျက်ရှိသော မုန့်ဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က မြို့နယ် စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသူများအား ကျောင်းသား၊ ကျောင်းသူများကို ရောင်းချသည့်မုန့်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ မုန့်များတွင် မြန်မာလိုဖော်ပြထားခြင်းမရှိသော မုန့်များတွင် ကုန်အညွှန်းစာသားမပါသော မုန့်နှင့်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော မုန့်များအား ရောင်းချခြင်းမရှိစေရေးနှင့် စာသုံးသူရေးရာ ကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာပါ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုတော)