လှိုင် အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက လူငယ်နှင့်စာပေ အသိပညာပေး Talk Show ကျင်းပသည်။
ရှေးဦးစွာ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်၀င်းသီတာမိုးကလူငယ်နှင့် စာပေအသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်ဆိုတာစူးစမ်းကြတယ် စူးစမ်းဖို့အတွက် ဖုန်းဆိုတဲ့ဖွံ့ဖြိုးမှု မြန်မာနိုင်ငံကို အလျင်အမြန်ရောက်ရှိလာကြောင်း၊ ဖုန်းကြည့်ရင်းနဲ့စာဖတ်တဲ့ အလေ့အကျင့် လေ့ကျင့်ခိုင်းရမယ်၊ စာဖတ်တဲ့အခါ အသက်အရွယ်နဲ့လိုက်၍ ပုံပြင်၊ ဘာသာရေး၊ အတက်ပညာစသောစာပေများကို မိဘကိုယ်တိုင်က စာဖတ်တဲ့အလေ့အကျင့် ပြုလုပ်ပေးသင့်ကြောင်း၊ စာပေဆွေးနွေးပွဲတွေ၊ စာပေစကားဝိုင်းတွေကို သွားသင့်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ရဲအောင် (ပြန်/ဆက်)