ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဟောပြောပွဲနှင့် ပြိုင်ပွဲများပြုပြုလုပ်

ရွှေသောင်ယံ အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွှဲ (၁)နာရီက အ-မ-က (၁၈၃) ကျောက်တလုံးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်‌ ပြန်/ဆက်ဦးစီးမှူးမှ ဟောပြောပွဲကို ပြုလုပ်ပြီး၊‌ ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ကြသည်။

ဟောပြောပွဲတွင် ရှေးဦးစွာ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ရီရီလွင်မှ ကျောင်းသား၊ ကျောင်းသူများနှင့် မိတ်ဆက်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား လိမ္မာရေးကြားရှိစေရန်၊ ဘက်စုံထူးချွန်သော လူငယ်လေးများ ဖြစ်လာစေရန် ဟောပြောပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မိမိကိုယ်မိမိ အားကိုးတတ်စေရန်၊ လူအများနှင့် ပေါင်းသင်းဆက်ဆံရာမှာ ရံဝံ့ထက်မြက်သော လူတော်၊ လူကောင်းလေးများ ဖြစ်လာစေရန် ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကို ပြုလုပ်ပေးရာ ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့ရရှိသည့် ပုံပြင်များ၊ ကဗျားများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)