ကလော အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာအောင်သင်းရေးသားသည့် ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများစာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများအသင်း Youth Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိ၍ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များရရှိလာစေရန် စသည့်ရည်ရွယ်ချက်များပြောကြားခဲ့ပြီး စာရေးဆရာ အောင်သင်းရေးသားသည့် ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများစာအုပ်ထဲမှ ပညာသင်ကြားမှုဆိုတာ ခေါင်းစဉ်ပါအကြောင်းအရာများကို ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမော်က ဖတ်ကြားဆွေးနွေးခဲ့ရာ စာပေချစ်မြတ်နိုးသူများအသင်း Youth Club အဖွဲ့ဝင်များက မိမိတို့၏ ထင်မြင်ယူဆချက် ထင်မြင်တွေးခေါ်မှုများအား အပြန်အလှန်ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)