လောင်းလုံးမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

လောင်းလုံး  အောက်တိုဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပါင်း၍ နွေရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မီးလောင်ကျွမ်းမှု မဖြစ်ပွားစေရေးနှင့် ကြိုတာကာကွယ်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန Community centre တွင်ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်သိန်းသိန်းက Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်၍ ရှင်းလင်းပြောကြား၍ မီးသတ်ဦးဌာနမှ မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးက မီးဘေးအန္တရာယ် ဆိုင်ရာ အကြောင်းအရာများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့် မီးဘေး၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရှင်းလင်းပြောကြားပေးခဲ့ပါကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)