ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင်  ဆင်အစီးရေ (၆၇) စီး ပါဝင် သွားမည်ဖြစ်ကြောင်းသိရှိရ

ကျောက်ဆည် အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှ ပြိုင်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး (တတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေ းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပြီး ဆင်အကအလှပြိုင်ပွဲတွင် ဆင်အစီးရေ(၆၇)စီး ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်မျိုးသိန်းက ဆင်အကအလှပြိုင်ပွဲအား အောင်အောင်မြင်မြင်၊ အေးအေးချမ်းချမ်းဖြင့် ရိုးရာမပြတ်ဇာတိဂုဏ်ကို ဖော်ဆောင်သွားနိုင်ရေးနှင့်  လုပ်ငန်းကော်မတီများ အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ရေး လိုအပ်ချက်များရှိပါက ပွင့်လင်းစွာတင်ပြဆွေးနွေးသွားကြစေရေး ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီများမှ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို အသီးသီး ပြန်လည်ရှင်းလင်းတင်ပြကြရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုရွေးချယ်ရာတွင် ဒိုင်အဖွဲ့များအနေဖြင့် သတ်မှတ်စည်းလမ်းများနှင့်အညီ သမာသမတ်ရှိစွာ ဆုရရှိမည့်ဆင်များအား ရွေးချယ်သွားရေး ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်(၂)စီး၊ ရိုးရာဆင်(၆)စီး၊ ဘော်ကြယ်ဆင်(၃)စီး၊ကလေးဆင်(၄)စီး၊ သက်ကြီးဆင်(၂)စီး၊ တီထွင်ဆန်းသစ်မှုဆင်(၂)စီး ဈေးပတ်ဆင်(၄၈)စီး စုစုပေါင်း(၆၇)စီး ပါဝင်သွား မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်