ထန်းတပင်မြို့နယ်တွင် မိုးစပါးအထွက်နှုန်း မှတ်တမ်းတင် စံကွက်ရိတ်သိမ်း

ထန်းတပင်  အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးစပါးအထွက်နှုန်းမှတ်တမ်းတင် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောင်မင်္ဂလာကျေး ရွာအုပ်စု၊ ကွင်းအမှတ်(၄၅၅)ရှိ တောင်သူ ဦးမြင့်စိုး၏ လယ်၌ အကွက်အရွယ်အစား ၀ ဒဿမ ၁၀ ဖြင့် မှတ်တမ်းတင်ရိတ်သိမ်းပွဲပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးကိုကိုစိုးမှ စပါးစိုက်ပျိုးရာတွင် အထွက်နှုန်းမိတ်ဖက်များဖြစ်သော တစ်ဧကဝင်ဆန့်သည့် အပင်အရေအတွက်၊ အနှံပင်ပွားနှုန်း၊ စပါးအနှံတစ်ခု၌ပါဝင်သောအစေ့၊ အောင်စေ့ရာခိုင်းနှုန်းများ၏ အရေးပါမှုနှင့်အောင်မြင်စွာဆောင်ရွက်နိုင်မည့် နည်းပညာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အထွက်နှုန်းမှတ်တမ်းတင်စံကွက် ၀ ဒဿမ ၁၀ အား ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ၁၄၁ ဒဿမ ၈၀ တင်းထွက်ရှိခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)