ကျောက်ကြီးမြို့နယ် ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၌ မြို့နယ်ဌာနဆိုင်ရာများ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ကျောက်ကြီး   အောက်တိုဘာ   ၂၁

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကုန်းကျောင်းပရိယတ္တိစာသင်တိုက်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး ကုန်းကျောင်းပရိယတ္တိစာသင်တိုက်ရှိ စာသင်စာချဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုလိုနေ့ဆွမ်းဆက်ကပ်လှူဒါန်းရခြင်းမှာ စာသင်တိုက်ရှိ စာသင်စာချဆရာတော်သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမဖြစ်ပေါ်စေရေးနှင့် စာဝါများအေးချမ်းစွာသင်ကြားပို့ချနိုင်ရေး ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်