အမြို့မြို့အနယ်နယ်သတင်းများ

Nov 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ လိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိမ်ခြေအိမ်ထောင်စု(၁၃၅)စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (VDP)စီမံကိန်းဖြင့် သရက်ပင်ကျေးရွာတွင် ကွန်ကရစ်လမ်းများခင်းပေးရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
Nov 08,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်​၊ ရွှေဘိုမြို့ အထက(၅)တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်းကာ အသိပညာ​ပေး ​ဟော​ပြောပွဲကို ယ​နေ့ နံနက် ၁၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Nov 08,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ရပ်ကွက် (၂) ရှိ မြို့နယ်ပညာရေးမှူးရုံး အောင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက် ကွင်းအမှတ်(၃၇၃) ဦးပိုင်အမှတ်(၉) တောင်သူဒေါ်ကျင်စိန်၏ ဆင်းသုခ(Seeder) စံပြမိုးစပါးစိုက်ခင်း(၂)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ကကျင်းပခဲ့သည်။
Nov 08,2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ ကျွန်းလှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ထမ်းများ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 08,2022
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (တိုင်းဒေသကြီးလွှတ်တော်ရုံးဟောင်း)တွင် ကျင်းပသည်။
Nov 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ဒေသခံများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ကွမ်းရွက်စိုက်ပျိုးရောင်းချသူ တောင်သူများအနေဖြင့် ယခင်နှစ်ကထက် ဈေးပိုမိုရရှိကြောင်းသိရသည်။