သရက်ချောင်း နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက် ကွင်းအမှတ်(၃၇၃) ဦးပိုင်အမှတ်(၉) တောင်သူဒေါ်ကျင်စိန်၏ ဆင်းသုခ(Seeder) စံပြမိုးစပါးစိုက်ခင်း(၂)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ကကျင်းပခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ သရက်ချောင်းမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် (၆.၆)ပေစံကွက် ကောင်း၊ သင့်၊ ညံ့ ရိတ်သိမ်းခဲ့ရာ ဆင်းသုခတစ်ဧကလျှင် အစို(၁၁၁.၉၂)တင်းနှုန်းနှင့် အခြောက်တင်းအနေဖြင့် (၁၀၀.၇၃)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်မင်းထံမှ သိရသည်။
သားကြီး(သရက်ချောင်း)