အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ  နံနက်ပိုင်းအချိန်ထိ ၆၃၉၄၇၉ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား မကူးစက်နိုင်သော ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကျေးရွာဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က သဲကုန်းမြို့နယ် အင်းမမြို့ကျွဲခေါင်းအုပ်စု  သာပေါင်းရွာဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
Nov 09,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီးမိသားစုစားဝတ်နေရေးအတွက်အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ဘူးသီးနှင့်ရုံးပတေသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာအောင်မြင် ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ မင်းကြီးလမ်းမပေါ်ရှိပြည်သူများကို ဖြန့်ဝေခဲ့သည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက်၉နာရီအချိန်က အုတ်တွင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာသီရိအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 09,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်မြောက်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မင်းလှမိတ်သဟာအဖွဲ့၏ (၈)ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။