ရွှေဘိုမြို့ အထက(၅)တွင် အသိပညာ​ပေး ​ဟော​ပြောပွဲကျင်းပ

​ရွှေဘို နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်​၊ ရွှေဘိုမြို့ အထက(၅)တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်းကာ အသိပညာ​ပေး ​ဟော​ပြောပွဲကို ယ​နေ့ နံနက် ၁၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ဟော​ပြောပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်​အေးမြင့်စန်းက လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ကျန်းမား​ရေး၊ စာဖတ်ခြင်းအကျိုး​ကျေးဇူးများကို လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်​မေအင်ကြင်းက​ က​လေးသူငယ်အခွင့်အ​ရေး ကိုယ်တိုင် သိရှိနားလည်​ရေး အခွင့်အ​ရေး ၄ ရပ်၊ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်​စောင့်​ရှောက်မှုခံပိုင်ခွင့်၊ ပါဝင်​ဆောင်ရွက်ခွင့်နှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအ​ကြောင်း အသိပညာ​ပေး​ ဆွေး​နွေးပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး​ ဒေါ်​ချောစုက​ သဘာဝဘေး ၉ မျိုးနှင့် ပတ်သက်၍ ဖြစ်​ပေါ်လာပါ​က ကြိုတင်ကာကွယ်ရမည့်အချက်များ ဆောင်ရန်​ရှောင်ရန်အချက်များကို ဟော​ပြော​ပြီး လက်​တွေ့ သရုပ်ပြသခဲ့​ကြောင်းနှင့် သဘာဝ​ဘေးနှင့် ပတ်သက်သည့် လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးပြီး နံရံကပ်စာ​စောင်များ ပြသခဲ့​ကြောင်း သိရသည်။​​

ဟော​ပြောပွဲတွင် အလယ်တန်း၊ အထက်တန်း​ကျောင်းသား၊ ကျောင်းသူ(၁၅၅)ဦး တက်​ရောက်ခဲ့​ပြီး မုန့်များ​ပေး​ဝေခဲ့​ကြောင်း၊ ဟော​ပြောပွဲများကို မြို့​ပေါ်ရှိ အထက၊ အလကကြောင်းများတွင် ဆက်လက်​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)