ကျွန်းလှ နိုဝင်ဘာ ၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ ကျွန်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ထမ်းများ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး များကိုလည်းကောင်း၊ အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အကြား ကျောင်းပြင်ပလူငယ်များအား ပထမအကြိမ်နှင့် ဒုတိအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ Mask များ တပ်ဆင်သွားလာကြရန် နှိုးဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေလှူဒါန်းကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ