အမြို့မြို့အနယ်နယ်သတင်းများ

Nov 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် အစေ့ထုတ်ပြောင်းများ စျေးကောင်းသဖြင့် အစေ့ထုတ်ပြောင်းသီးနှံစိုက်တောင်သူမိသားစုဝင်များ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Nov 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Nov 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်နှင့်အားကစားရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေရန် ရည်ရွယ်၍
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေးအနေဖြင့် စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများလက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင်(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင်(စာကြည့်တိုက်လက်ထောက်-၃)တို့က ယနေ့မွန်းလွဲ(၁)နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် နယ်လှည့်မိုဘိုင်းစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာပန်းဆီမီးမျှောပွဲကို ယမန်နေ့ ညနေပိုင်းက ရွှေဝါနဒီပန်းခြံအတွင်းရှိ မယ်ခေါင်ချောင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဘုရားဖြူကျေးရွာမှ ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
Nov 09,2022
ပွင့်လင်းရာသီရောက်ရှိလာပါပြီဖြစ်၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မှကင်းဝေးစေရန် မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညဦးပိုင်းတွင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနက(နတ်မှော်ကျေးရွာ)ချောင်းဆုံ(အရှေ့၊ အနောက်၊ တိုးချဲ့)ရပ်ကွက်တို့တွင် မီးဘေးအန္တရာယ်လုံခြုံရေး ဆော်ဩနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
Nov 09,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှကြီးမှူး၍ (ပထမအကြိမ်)မြောက် မိသားစုမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက ဇီးကျွန်းရပ်ကွက်အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။