ချောင်းဆုံ နိုဝင်ဘာ ၉
ပွင့်လင်းရာသီရောက်ရှိလာပါပြီဖြစ်၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မှကင်းဝေးစေရန် မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညဦးပိုင်းတွင် ချောင်းဆုံမြို့နယ် မီးသတ်ဦးစီးဌာနက(နတ်မှော်ကျေးရွာ)ချောင်းဆုံ(အရှေ့၊ အနောက်၊ တိုးချဲ့)ရပ်ကွက်တို့တွင် မီးဘေးအန္တရာယ်လုံခြုံရေး ဆော်ဩနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
အဆိုပါနှိုးဆော်ရာတွင် မီးသတ်ဦးစီးအရာရှိ ဦးတင်လင်းဦးနှင့်တပ်ဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအနေနှင့်ချက်ပြုတ်ရာနှင့် မီးသုံးစွဲရာတွင် သတိပြုလိုက်နာရမည့်အချက်များ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လျှပ်စစ်မီးသော်လည်းကောင်း၊ (ထင်း၊ မီးသွေး)မီးသော်လည်းကောင်း သုံးစွဲရာတွင်စနစ်တကျသုံးစွဲရန်စသည့် အချက်များအားလည်းကောင်း၊ မီးဘေးအပြင်အခြား သဘာဝဘေးနှင့်ပတ်သက်သည့် အချက်များကိုလည်း အသိပေးနှိုးဆော်ခဲ့ကြောင်းနှင့် အခြားကျေးရွာများသို့လည်း နေ့စဉ်သွားရောက်ဆော်ဩမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)