တာချီလိတ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာပန်းဆီမီးမျှောပွဲကို ယမန်နေ့ ညနေပိုင်းက ရွှေဝါနဒီပန်းခြံအတွင်းရှိ မယ်ခေါင်ချောင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းဆီမီးမျှောပွဲသည် ပန်းများကို ကြာပန်းပုံနှင့် အခြားအလှအပပုံများ ဖန်တီးပြုလုပ်၍ အလယ်တွင် ဆီမီးခွက်၊ ဖယောင်းတိုင်စသည်တို့ကို ထွန်းညှိပူဇော်၍ ရေချောင်းအတွင်း မျှောလွတ်ပြီး လိုအရာဆုတောင်းခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း၊ မီးအလှဆင်ထွန်းညှိပူ ဇော်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာလမှအပ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ညတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)