စဉ့်ကိုင် နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြင့်တင်ရေးအနေဖြင့် စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများလက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင်(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင်(စာကြည့်တိုက်လက်ထောက်-၃)တို့က ယနေ့မွန်းလွဲ(၁)နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် နယ်လှည့်မိုဘိုင်းစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့ လာရောက်လေ့လာဖတ်ရှုလိုသော်လည်း ဌာနဆိုင်ရာများအနေဖြင့် အခက်အခဲများရှိသည့်အတွက် စာဖတ်၊ စာငှား ပရိသတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်မိုဘိုင်းစာကြည့်တိုက်လုပ်ငန်းဖြင့် လက်ဝယ်အရောက်၀န်ဆောင်မှုပေးလျက်ရှိရာ စာဖတ်ပရိသတ်အကြိုက်စာအုပ်များအား တစ်ပတ်တစ်ကြိမ်လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော့မူယာမောင်