သပိတ်ကျင်း နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးမှကြီးမှူး၍ (ပထမအကြိမ်)မြောက် မိသားစုမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက ဇီးကျွန်းရပ်ကွက်အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဖြိုးဝေ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်နိုင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးရန်နိုင်မင်းနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများက အောင်မြင်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များနာယူကြည်ညိုကြသည်။ ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်မိသားစုများက သံဃာတော်များကို ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တကောဝိဒထံမှ ကထိန်အနုမောဒနာတရားများနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေးခဲ့ကာ သံဃာတာ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်ရဲတပ်ဖွဲ့၏ (ပထမအကြိမ်) မိသားစုမဟာဘုံကထိန်တော်တွင် လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူငွေစုစုပေါင်းငွေကျပ်(၂၈၉၅၅၀၀)ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စိုးနိုင်ဝင်း