အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိနေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Nov 10,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေး ဒီဂရီကောလိပ် မြတ်ပညာခန်းမတွင် ယနေ့ နံနက်ပိုင်းက တိုင်းရင်းသား ဘာသာစကားသင် ဆရာ /ဆရာမ များအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Nov 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီတွင် အ.ထ.က(၁)ကျောင်း၌ ကျင်းပသည်။
Nov 10,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့နေ့လယ် ၁၂ နာရီက Mobile Library မော်တော်ယာဉ်ဖြင့် သံတွဲခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သုတ/ရသ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။
Nov 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေးရူးရောဂါပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အ.ထ.က(၅) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 10,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အမျိုးသားနေ့အကြို အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကို ယနေ့ နံနက် ၉နာရီခွဲက ပြုလုပ်ကျင်းပခဲ့သည်။
Nov 10,2022
မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် မင်းကင်းမြို့နယ် တန်ဖိုးသင့် စားသောက်ကုန်ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် တန်ဖိုး သင့်စားသောက်ကုန်များကို ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၆ နာရီခွဲအချိန်က မင်းကင်းမြို့၊ အမှတ်(၃)ရပ်ကွက်​၌ ရောင်းချပေးခဲ့ကြရာ ဒေသခံပြည်သူများ လာရောက်ဝယ်ယူ အားပေးခဲ့ကြ ကြောင်း သိရသည်။