ပုသိမ်ကြီး နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အမျိုးသားနေ့အကြို အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကို ယနေ့ နံနက် ၉နာရီခွဲက ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အထိမ်းအမှတ်ပွဲများတွင် မြို့နယ်ဦးစီးအရာရှိမှ ပြိုင်ပွဲ၀င် ကျောင်းသားကျောင်းသူများအား အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် ပြိုင်ပွဲကျင်းပရမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှုးမှ ပြိုင်ပွဲ၀င် စည်းမျဉ်း စည်းကမ်းများအား သတ်မှတ်ထားရှိမှုတို့နှင့် ပတ်သက်၍ ဖတ်ပြဆွေးနွေးခဲ့ပြီး အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်ခေါင်းရွက် ပြိုင်ပွဲတို့အား ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အမျိုးသားနေ့အကြို အထိမ်းအမှတ်ပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲ အစရှိသည့် အသိပညာပေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)