အမြို့မြို့အနယ်နယ်သတင်းများ

Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း  ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး ဆောက်လုပ်လျက်ရှိရာ  ယနေ့မနက်ပိုင်းက  မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီမှ အဆောက်အဦးဆောက်လုပ်မှုအခြေအနေများကို  မြေပြင်အထိ  ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
Nov 11,2022
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃)၊ ဦးပိုင်အမှတ်(၈)တောင်သူ ဦးလုံးစိုင်းမောင်၏ လယ်မြေ၌ ယမန်နေ့နံနက်(၉)နာရီက ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS) မှော်ဘီကောက်ညှင်းမွှေး မိုးစပါးစံကွက်စတင်ရိတ်သိမ်းကြောင်း သိရသည်။
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ​​ရွှေဘိုခရိုင်​ ရွှေဘိုမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီချိန်က ​ရွှေဘိုစက်မှုဇုန် စီမံခန့်ခွဲ​ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့​ ရွှေဘိုခရိုင် စီမံခန့်ခွဲမှု​ကော်မတီဥက္ကဋ္ဌ၊​ ရွှေဘိုခရိုင် စက်မှုဇုန်ကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များခရိုင်အဆင့် ဌာနဆိုင်ရာများ၊​ရွှေဘို စက်မှုဇုန် စီမံခန့်ခွဲရေး​ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 11,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့်ကြွေးကျန်များ ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။