Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Nov 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး ဆောက် လုပ်မှုအား ကွင်းဆင်းစစ်ဆေး
Nov 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာအုပ်စု၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေဖြင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး ဆောက်လုပ်လျက်ရှိရာ ယနေ့မနက်ပိုင်းက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေး ကော်မတီမှ အဆောက်အဦးဆောက်လုပ်မှုအခြေအနေများကို မြေပြင်အထိ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ မျိုးသန့်ပွားမျိုးစေ့(RS) မှော်ဘီကောက်ညှင်းမွှေးမိုးစပါးစံကွက် စတင်ရိတ်သိမ်း
Nov 11,2022
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃)၊ ဦးပိုင်အမှတ်(၈)တောင်သူ ဦးလုံးစိုင်းမောင်၏ လယ်မြေ၌ ယမန်နေ့နံနက်(၉)နာရီက ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS) မှော်ဘီကောက်ညှင်းမွှေး မိုးစပါးစံကွက်စတင်ရိတ်သိမ်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ
Nov 11,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီချိန်က ရွှေဘိုစက်မှုဇုန် စီမံခန့်ခွဲရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ရွှေဘိုခရိုင် စက်မှုဇုန်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များခရိုင်အဆင့် ဌာနဆိုင်ရာများ၊ရွှေဘို စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး၊ မွေးမြူရေးနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် ကြွေးကျန်ကောက်ခံရေးဆိုင်ရာ ညှိနှိုင်း အစည်းဝေးကျင်းပ
Nov 11,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့်ကြွေးကျန်များ ကောက်ခံရေးဆိုင်ရာ ညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့တွင် ဟံသာမုနိမာရဇိန်ဘုရားကြီး၊ လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပနိုင်ရေးအလှူတော်ငွေ ပေ…
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဟံသာမုနိမာရဇိန်ဘုရားကြီး၊ လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော် ကျင်းပနိုင်ရေးအလှူတော်ငွေ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက အမှတ်(၄) ရပ်ကွက် ဟံသာမုနိဘုရားကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့နယ် အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်
Nov 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို၊ ယမန်နေ့ မွန်းလွဲ(၂) နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13986
Page
13987
Page
13988
Page
13989
Current page
13990
Page
13991
Page
13992
Page
13993
Page
13994
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department