မြောင်းမြ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ခွေးရူးရောဂါပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အ.ထ.က(၅) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ထွန်းထွန်းဝင်းမှ လူတွင်ဖြစ်ပွားသော ခွေးရူးရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ အားလည်းကောင်း၊ မြောင်းမြခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ ဖြူဖြူဝင်းမှ ခွေးရူးရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများအား လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြပြီး ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာ ကြသည့် ကျောင်းသား/ကျောင်းသူများအား ခွေးရူးရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက်မြောင်းမြ မြို့ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့ရှိ အိမ်မွေးခွေး(၈၁)ကောင်၊ ကြောင်(၄)ကောင်တို့ကို ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)