မင်းကင်း နိုဝင်ဘာ ၁၀
မင်းကင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် မင်းကင်းမြို့နယ် တန်ဖိုးသင့် စားသောက်ကုန်ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် တန်ဖိုး သင့်စားသောက်ကုန်များကို ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၆ နာရီခွဲအချိန်က မင်းကင်းမြို့၊ အမှတ်(၃)ရပ်ကွက်၌ ရောင်းချပေးခဲ့ကြရာ ဒေသခံပြည်သူများ လာရောက်ဝယ်ယူ အားပေးခဲ့ကြကြောင်း သိရသည်။
မင်းကင်းမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့အနေဖြင့် အိမ်ထောင်စု တစ်စု အတွက် ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥ(၄)လုံး၊ ကြက်သွန်ဖြူတစ်ဆယ့်နှစ်ကျပ်သား၊ (၄)မျိုး အတွက် စုစုပေါင်း ကျသင့်ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဒေသခံများ သက်သာချောင်ချိရေး ရောင်းချပေးလျက်ရှိရာ ယနေ့တွင် အိမ်ထောင်စုပေါင်း ၃၀၀ ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တန်ဖိုးသင့် စားသောက်ကုန်များ စနစ်တကျရောင်းချခြင်းများကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)