Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ် ထူးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ် ထုတ်ချေး
Nov 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် မိသားစုဝင်ငွေ တိုးပွားလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့၌ မုန်ညှင်းစိမ်းစိုက်ပျိုး ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Nov 24,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ဒေသခံပြည်သူများသည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ဆောင်းရာသီတွင် စိုက်ပျိုးသောရာသီပေါ်မုန်ညှင်းစိမ်းများ ဆွတ်ခူးချိန်ရောက်၍ မုန့်ညင်းစိမ်းစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 24,2022
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက အထက(ရွာထောင်)ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများ အသင်း (Book Club) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက်တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းည…
Nov 24,2022
အပြည့်အစုံ ဖတ်ရန်
ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး အုပ်ရှစ်ချို ကျေးရွာမှ ပြည်သူများနှင့် တွေ့ဆုံ
Nov 24,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ရှစ်ချိုကျေးရွာအုပ်စု ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လည် (၁)နာရီက အုပ်ရှစ်ချိုကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စာသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဆွေးနွေး
Nov 24,2022
စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အုတ်တွင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေး
Nov 24,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ ခပေါင်း-ကျောင်းရှစ် ဆယ်ကျေးရွာနှင့် ဥယျာဉ်တော်ကျေးရွာများသို့ ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ်၌ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပ
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းနိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13881
Page
13882
Page
13883
Page
13884
Current page
13885
Page
13886
Page
13887
Page
13888
Page
13889
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department