သနပ်ပင်မြို့နယ်၌ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပ

သနပ်ပင် နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းနိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်  ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ပဲခူးခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး‌ ဆောင်ရွက်ရာတွင် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများအတွက်  (၁)ဧကလျှင် (၁၂၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် လိုအပ်လျက်ရှိသော သွင်းအားစုများဖြစ်သည့် မြေဩဇာနှင့် ပိုးသတ်ဆေးရရှိရေး ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုတန်ဖိုးနှင့် ညီမျှသော ပဲတီစိမ်းများအား တောင်သူများကပြန်လည်ရောင်းချပေးဆပ်ခြင်းအပါအဝင် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင် သူများ၏ တင်ပြချက် များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပဲခူးခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပဲခူးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများတွေ့ဆုံ၍ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့‌ကြပြီး သနပ်ပင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ဧက (၅၀၀၀၀)ခန့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လှမိုး(ပြန်/ဆက်)