အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2022
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Nov 24,2022
မွန်ပြည်နယ်အတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအားတီထွင်ဆန်းသစ်မှုနှင့် အရည်အ​သွေးမြင့် ထုတ် ကုန်များအားဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုး​ဖောက် နိုင်မှုဖြင့် အလားအလာ​ကောင်းများ ​ပေါ်ထွန်းလာစေ​ရန် ရည်ရွယ်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၂ ရက်​နေ့၊ မွန်းလွဲပိုင်းက မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာရှိ ​ဒေသ ခံ လုပ်ငန်းရှင် ဦးသိန်းတန်၏ ​​အငယ်စား ရော်ဘာကြိတ်ခွဲလုပ်ငန်းနှင့် ​ရော်ဘာမှိုင်းခံရုံသို့ သွားရောက်၍ ​ရော်ဘာထုတ်ကုန်လုပ်ငန်း ​ဆောင်ရွက်မှုအ​ခြေအ​နေအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
Nov 24,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ် ကြက်​ခြေအနီအသင်းခွဲမှ ကြီးမှူး၍ ​ရှေးဦးသူနာပြု အ​ခြေခံသင်တန်းအမှတ်စဉ် (၅/၆)ကို ယ​မန်​နေ့နံနက်ပိုင်းက အမှတ်(၃) အ​ခြေခံပညာ အထက်တန်း​ကျေားင်းနှင့် အမှတ်(၈) အ​ခြေခံပညာအလယ်တန်း​ကျောင်းတို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Nov 24,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်ပရဟိတလူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဒေသတွင်းရေကြီးရေလျှံမှုဘေးအန္တရာယ် လျော့ပါးသက်သာစေရေးအတွက် “ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရန် Table Top Exercise စားပွဲဝိုင်းဆွေးနွေးပွဲ “ပြုလုပ်ခြင်းကို ယမန်နေ့က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ကျင်းပရာ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်မြို့ရှိ အရပ်ဘက်ပရဟိတလူမှုကူညီရေးအဖွဲ့အစည်းများ တက်ရောက်သည်။
Nov 24,2022
မွန်ပြည်နယ်၊ မော်မြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌လူကုန်ကူး မှုလျော့နည်းကျဆင်းစေရေးအတွက် သံဖြူဇရပ်မြို့နယ် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး အဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးခန်း၌  ကျင်းပပြုလုပ်သည်။
Nov 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေး ချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအရှိန်အဟုန်မပျက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက  ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာသို့ သွားရောက်ပြီး ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 24,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာကြည့်တိုက် ဝန်ဆောင်မှု ဆင့်ပွားသင်တန်းကို  ဖွင်လှစ်ပေးခဲ့ကြောင်း သိရသည်။