ပြင်ဦးလွင် နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ ဒေသခံပြည်သူများသည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ဆောင်းရာသီတွင် စိုက်ပျိုးသောရာသီပေါ်မုန်ညှင်းစိမ်းများ ဆွတ်ခူးချိန်ရောက်၍ မုန့်ညင်းစိမ်းစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
မုန်ညှင်းစိမ်းစိုက်ပျိုးရောင်းချသူတစ်ဦးက “လက်ရှိတော့ မုန်ညှင်းစိမ်းအညောင့်အကြီးမျိုးအပြင် ရိုးရိုးမုန်ညှင်းစိမ်း အပင်သေးလည်း ရောစိုက်နေပါတယ်။ မုန့်ညှင်းအသေးက ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပြီး၊ မုန်ညင်းစိမ်းအညှောင့် အကြီးမျိုးကတော့ ဆောင်းဦးပေါက်ရာသီတွင် စိုက်ပျိုးရပါတယ်။ စိုက်ပျိုးတဲ့နေရာမှာ မျိုးစေ့များကို ပျိုးခင်းပေါ်ကြဲပက်၍စိုက်ပျိုးပြီးပျိုးခင်းပင်များပေါက်လာပါက စိုက်ခင်းသို့ရွေ့ပြောင်း စိုက်ပျိုးရပါတယ်။ ဆောင်းမုန်ညှင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်း ဖြင့် မိသားစုစားသုံးရန် သာမကမိသားစု မီးဖိုချောင်ငွေပိုရရန်အတွက် ဝယ်ယူစားသုံးလိုသူများအား သင့်လျော်ရာစည်း ၍ တစ်စည်းလျှင် နှစ်ရာ၊ သုံးရာ၊ ငါးရာကျပ်ဖြင့်ရောင်းချနေသလို ဈေး ကြီးများသို့လည်း လက်ရှိမှာ ပေးသွင်းရောင်းချနေပါတယ်” ဟု ပြောကြားသည်။
ပြင်ဦးလွင်မြို့၌ မုန်ညင်းစိမ်းစိုက်ပျိုးသူများအပြင်ဂေါ်ဖီ၊ ပန်းမုန်လာ၊ထောပတ်၊ ကော်ဖီ၊ မက်မန်း၊ စတော်ဘယ်ရီ အစရှိသည့် စားသောက်ကုန်များအပြင် ဒေသထွက် မေမြို့ပန်း ၊ ဂန္ဓာမာ၊ ပန်း တိမ်ငို ပန်းများကိုလည်း စိုက်ပျိုးရောင်းချကြခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ ကြကြောင်း သိရသည်။
ဖြူလူသစ် [ခရိုင်(ပြန်/ဆက်)]