စစ်ကိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စာသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဆွေးနွေး

စစ်ကိုင်း နိုဝင်ဘာ ၂၄

စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ဝန်ထမ်းများအနေဖြင့် မိမိတို့သိသင့်/ သိထိုက်တာတွေသိရှိရအောင်၊ မရှင်းလင်းသည်များကိုလည်း ပြန်လည်မေးမြန်းဆွေးနွေးပေးကြပါလို့ အဖွင့်အမှာစကားပြောကြားပြီး ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်ခင်မြမူက ဌာနအကြောင်း မိတ်ဆက်ရှင်းလင်း ဆွေးနွေးပေးကာ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေး ဥပဒေ/နည်းဥပဒေများ၊ လုပ်ငန်းရှင်များ၏ စည်းကမ်းချက်များနှင့် ဥပဒေ/နည်းဥပဒေများ၊ ဖောက်ဖျက်ကျူးလွန်ပါက ကျခံရမည့်ပြစ်မှု/ပြစ်ဒဏ်များ၊ စားသုံးသူများအနေဖြင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ထုတ် လုပ်မှုရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲ၊ ဆက်သွယ်ရမည့် နေရပ်လိပ်စာ ပါ/မပါ အများပြည်သူ သိရှိနားလည်အောင် မြန်မာလိုရေးသားထားသည့် အချက်အလက်များ ပြည့်စုံမှု ရှိ/မရှိတို့ကို ကြည့်ရှူ့စစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲသွားကြစေလိုကြောင်း စသည်ဖြင့်ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေပွဲသို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အမှုထမ်း/အရာထမ်း ဝန်ထမ်းများ တက်ရောက်ကြပြီး ဝန်ထမ်းများကမိမိတို့သိရှိ လိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေး နွေးပေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်