အောင်လံ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက အထက(ရွာထောင်)ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများ အသင်း (Book Club) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက လူငယ်ရေးရာခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး မြို့နယ်အားကစားနည်းစနစ်မှူး ဦးဝင်းဇော်အေးက အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ၏ သင်ကြားမှုအခြေအနေခေါင်းစဉ်ဖြင့် ဟောပြောပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်း ဥက္ကဋ္ဌ ဆရာကြီးဦးတင်ဝင်းက လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့် ဟောပြောကာ အထက(ရွာထောင်) ကျောင်းအုပ်ဆရာကြီး ဦးစိုးသန့်မိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ် စာစောင်များ လှူဒါန်းခဲ့ပြီး မြို့နယ်အားကာနည်းစနစ်မှူးက အားကစားပစ္စည်း ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ စာအုပ်စာစောင်များ နံရံကပ်စာစောင်များ ခင်းကျင်းပြသထားမှုအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)