ဖျာပုံ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မြို့ပေါ် စက်သုံးဆီဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ခရိုင်/မြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ မြို့နယ်အတွင်းတရားမဝင် ကုန်စည်နှင့်ကုန်သွယ်မှုများ မရှိစေရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆိုင်များအား လိုက်လံစစ်ဆေး ဆောင်ရွက်ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော မြို့ပေါ် စက်သုံးဆီဆိုင်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား၊ ခရိုင်/မြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့ပေါ်ဆိုင်များအား၊ ရည်ညွှန်း သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ၊ အလေးချိန် ပြည့်၊ မပြည့်၊ စပ်ဆေးရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ကျန်းမာရေးထောက်ခံချက်လိုင်စင်ကဒ် ရှိ/မရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော တရားမဝင်ကုန်စည်များ ရောင်းချခြင်း ရှိ/မရှိ လိုက်လံကွင်းဆင်းစစ်ဆေးကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)