မာန်အောင် နိုဝင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ဒုတိယနေ့အဖြစ် အထွေထွေဗဟုသုတဘာသာရပ်ကို ယနေ့နံနက် (၉) နာရီက မာန်အောင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသူရိန်စိုးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ထိုသို့ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့အဖြစ် အထွေထွေဗဟုသုတဘာသာရပ်ကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူ (၂၂) ဦး၊ ဒဿမတန်း ကျောင်းသား၊ ကျောင်းသူ (၁၃) ဦးနှင့် ဧကာဒဿမတန်းမှ ကျောင်းသား၊ ကျောင်းသူ (၈) ဦး၊ စုစုပေါင်း (၄၃) တို့က အထွေထွေဗဟုသုတ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုကြပြီး နိုဝင်ဘာ (၃၀) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို မြို့မအားကစား ဘောလုံးကွင်းတွင် ဆက်လက်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ (ပြန်/ဆက်)