စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက်ရောင်းချပေး

ဇေယျာသီရိ နိုဝင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည် အသင်းဝင်များဖြင့်ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်၊ရေဆင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ကြီးကြပ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်၊  ရေဆင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား မီးဖိုချောင်သုံးဆီ ဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ စားသုံးဆီတစ်ပိဿာ ၄၉၀၀ ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်စုလျှင် တစ်ပိဿာနှုန်း အိမ်ထောင်စု (၁၃၃၉) စု အတွက် စားသုံးဆီပိဿာချိန် (၁၃၃၉) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)