ကျိုက်လတ် နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အောက်ဆင်ကူးကျေးရွာတွင် တည်ဆောက် လျက်ရှိသည့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျိုက်လတ် မြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် တာဝန်ရှိသူများသည် အောက်ဆင်ကူးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန(ခွဲ)နှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ကျိုက်လတ်မြို့နယ်၊ အောက်ဆင်ကူးကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ) တည်ဆောက်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုတန်ဖိုး (၁၀၆.၃၂၅)သန်းဖြင့် Winner Family ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ယခုအခါ(၂၅%) ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ရီရီမြင့်