အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက်(၁၀:၀၀)အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ဓမ္မိကာရုံကျောင်းတိုက်တွင် ဝိဇယဂမ္ဘီပညာရေး ဖောင်ဒေးရှင်းမှ အင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့ရာ ဝိဇယပညာရေးဖောင်ဒေးရှင်း တည်ထောင်သူ ဆရာတော်ဂမ္ဘီရဗုဒ္ဓိ၊ ဓမ္မိကာရုံ ကျောင်းတိုက်ဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ဌာနဆိုင်ရာများ၊ သင်တန်းဖြစ်မြောက်ရေး ကော်မတီဝင် များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Nov 25,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ (၃၀)မိနစ်အချိန်က ပုတီးကုန်း(အလယ်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 25,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask များ အခမဲ့ဝေငှ၍ စနစ်တကျ တပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးခြင်းများကို စဥ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီမှ ၉ နာရီအထိ မုံရွာမြို့ ရှူးကြီးရပ်ကွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့၌ သွားလာသော ပြည်သူများအတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2022
မွန်ပြည်နယ်၊ သထုံခရိုင်မီးသတ်ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်ခန့်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Nov 25,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ခရီးသည်တင်လေယာဉ်များ မတော်တဆ အရေးပေါ်အခြေအနေများ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ ကော့သောင်းလေဆိပ်တွင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၃)ရပ်ကွက်၊ (၁၁)လမ်း၊ ရပ်ကွက်ဓမ္မာရုံတွင် ယနေ့နံနက် ၀၉:၀၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2022
စိုက်ပျိုးရေးဦးစီးဌာနမှ ရေးဆွဲထုတ်ပြန်ထားသော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများ သိရှိစေရန်နှင့် စိုက်ပျိုးရေး အရောင်းဆိုင် တောင်သူများထံသို့ နည်းပညာများကို လက်ဆင့်ကမ်း အသိပညာပေးနိုင်ရန်တို့အား ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းမြေအသုံးချရေး၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနခွဲ၌ မြေဩဇာ