အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများ အခွင့်အရေးမဆုံးရှုံးစေရန်အတွက် အိမ်ထောင်စုနှင့်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်လိုအပ်သူများရှိနေသေးပါက ဆောင်ရွက်ပေးခြင်းစသည့် ပြန်လည်စိစစ်ခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံက်ပိုင်းက ပေါက်တောတပ်နယ်သို့ ကွင်းဆင်း၍ လိုအပ်သည်များကိုနေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ ဘန့်ဘွေးအထက်တန်းကျောင်းအားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အုပ်ချုပ်ရေးမှူးဖလား ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ဘက်စုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်၌ အမှတ် (၆) သကြားစက်အား မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ပညာပေးလက်​​တွေ့ သရုပ်ပြ​လေ့ကျင့်ခြင်းကို ယမန်နေ့ ​နံနက်ပိုင်းက အဆိုပါ သကြားစက်တွင် ကျင်းပပြုလုပ် ခဲ့သည်။
Nov 25,2022
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။   
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေမှရရှိသောဗဟုသုတများအား အချင်းချင်းအသိပညာများ မျှဝေတတ်စေ ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ ဟိန်းလတ် "ရေးသားသည့်"  အောင်မြင်လျှောက်လှမ်း နည်းလမ်းအသွယ်သွယ်" (သို့မဟုတ်) ဘ၀အောင်မြင်ရေးမှတ်စုများ စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ်၊ ဆောင်းသီးနှံ စိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်‌ချေးပေးလျက်ရှိရာ ယမန်‌‌နေ့ထိ (၁၂၈၆၀၀၀၀၀)ကျပ် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
Nov 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၁၉-၂၀၂၀/ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
Nov 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။