အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား(၂၆)ဦးအား မီးဖွားခွင့်၊ မီးဖွားစရိတ်၊ ခရီးစရိတ်နှင့် နာရေးစရိတ်များကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ် လူမှုဖူလုံရေးရုံးတွင် ပေးအပ်ခဲ့သည်။
Nov 25,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ဖွင့်လှစ်သော ၂၀၂၂ ခုနှစ် Aerobic & Fitness Dance အားကစားနည်းသင်တန်းဆင်းပွဲကို မြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍမျိုးစုံနှင့် လူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများသည် ကျောက်ဆည်ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား မြို့တော်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်ခရိုင်၊ဒ ဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အပတ်စဉ်အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့တို့တွင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က စာအုပ်ပြပွဲများကို ကျင်းပပြသခဲ့ကြောင်း သိရသည်။
Nov 25,2022
၂၀၂၂-ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍
Nov 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စု၊ လိပ်အင်းကုန်း ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့် လယ်၅ဧကအား စုပေါင်းထွန်ယက်ခြင်းနှင့် မျိုးစေ့ချခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပုသိမ်မြို့နယ်မှ စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်း၊ မြေစာရင်းဦးစီးမှူး၊ စီမံကိန်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူး၊ သစ်တောဦးစီးမှူး၊ ဆည်မြောင်းဦးစီးမှူး စသည့် မြို့နယ် စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကာ အလယ်ရွာကျေးရွာအုပ်စုရှိ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့် တောင်သူ ၅၅ဦး လာရောက်ခဲ့ကြောင်း သိရသည်။