အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို ရင်းတိုက်လေးပင်ကျေးရွာအုပ်စု၊ ရင်တိုက်လေးပင် ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတွင် အခြေခံစက်ချုပ်သင် တန်းဆင်းပွဲ(၅/၂၀၂၂)ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့ပေါ်ရုံးဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု စာရေးဝန်ထမ်းများအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တူညီဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Nov 23,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ကျေးရွာမှ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့က ကုလားတို့​​ကျေးရွာအုပ်စု ခလော့ကနိုင်းဘုန်း​တော်​ကြီး​ကျောင်းတွင် ပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်သည်။
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မျိုးကောင်းမျိုးသန့်ဝက် (၁၅၀) ကောင်တိုးချဲ့မွေးမြူရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေချေးငွေ ကျပ်သိန်း (၃၀၀) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာ၊  ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှမ်းရပ်ကွက် " ပြည့်စုံ " စားသောက်ဆိုင် ဘိလီယက်ခုံ၌ လာမည့်နတ်တော်လဆန်း(၈)ရက် (၃၀.၁၁.၂၀၂၂)နေ့တွင် ကျရောက်မည့် ပဉ္စမအကြိမ်မြောက် "ဓနုအမျိုးနေ့" က ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွတ်တန်း ဘိလက်ယက်စနူကာပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်‌-၁၉ရောဂါကာကွယ်ဆေးများကို အပတ်စဉ် ထိုးနှံပေးလျက်ရှိရာ ယမန်‌နေ့နံနက်(၉)နာရီအချိန်မှ  စတင်ကာ မိုးလုံလေလုံအားကစားခန်းမတွင် ထိုးနှံပေးခဲ့သည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အုပ်ဖိုကန်ကျေးရွာအုပ်စု၊ ကျင်းရွာကျေးရွာ ဒေသခံပြည်သူများ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 23,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပေါက်တောမြို့၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။